ဆီးရွှင် စေသော (Diuretic effect) သတ္တိ ရှိပါတယ်..

ကော်ဖီဟာ စွဲစေတတ်သော သတ္တိ ရှိတဲ့အတွက် နေ့စဉ် ကော်ဖီ ၃ ခွက်မှ ၅ ခွက် သောက်သုံး နေသူများထဲမှ ၁၀% ခန့်ဟာ ကော်ဖီ ဖြတ်လိုက်တဲ့ အချိန်မှာ စိတ်ဓါတ်ကျဆင်းခြင်း (Depression)၊ စိတ်ပူပန်မှု များလာခြင်း (Anxiety) တို့ ဖြစ်ပေါ် လာတတ်ကြောင်း တွေ့ရှိရ ပါတယ်.. အူမှ သံဓါတ် စုပ်ယူမှုကို အဟန့်အတား ဖြစ်စေ နိုင်သဖြင့် နို့တိုက် မိခင်နှင့် ကလေးငယ် တို့တွင် သံဓါတ် ချို့တဲ့သော သွေးအားနည်း ရောဂါ (Iron deficiency anaemia) ဖြစ်စေ နိုင်ပါတယ်.. ကော်ဖီ သောက်သုံး ခြင်းကြောင့် သွေးလွှတ် ကြော နံရံ များ တင်းမာမှု ဖြစ်ပေါ်စေပြီး ကော်ဖီကြောင့် နှလုံး သွေးကြောဆိုင်ရာ ရောဂါ ဖြစ်ပွားကြောင်း မတွေ့ ရှိရသေးပေ.. ကော်ဖီ သည် နှလုံးခုန်နှုန်း မြန်စေသဖြင့် သွေးတိုး အနည်းငယ် မြင့်မား စေပါတယ်.. အစာအိမ် အက်စစ် ပြန်ကန်မှု (acid reflux) ဖြစ်ပေါ် စေတတ် သဖြင့် လေတက် ရင်ပူ တတ်သူများ (Heart burn) အဖို့ သတိထား သုံးစွဲ သင့်ပါတယ်..
မည်သို့ပင် ဆိုစေကာမူ တန်ဆေး လွန်ဘေး ဆိုသည့် စကားအတိုင်း သင့်တင့်သော သောက်သုံးမှု ဖြင့် ကျန်းမာရေး အတွက် ဂရုစိုက် ရန် လိုအပ်ပါတယ်.. သင့်တင့်သော သုံးစွဲမှု သည် ဆိုးကျိုးထက် ကောင်းကျိုး များကြောင်း ပညာရှင် များမှ ဆိုထားပါတယ်.. ကော်ဖီနှင့် ကျန်းမာရေး ဆက်စပ်သော ကောင်းကျိုး ဆိုးကျိုး များကိုလည်း ဆက်လက် လေ့လာ သုတေသန ပြုနေဆဲ ပင် ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါတယ်..

1 comments:

Casinos in New York State - MapYRO
The 청주 출장샵 casinos 통영 출장안마 in New York State include Jackpot 속초 출장마사지 City Casino 경주 출장샵 (NJ), Golden Nugget Casino (Nagatoll), 경주 출장마사지 Tropicana Casino (Las Vegas), Golden Nugget Casino (Nevada), Harrah's Casino (Nevada),

March 4, 2022 at 1:01 AM  

Newer Post Older Post Home