၁၉၀၀ ခုနှစ်ကတည်းက ဗြိတိန်နိုင်ငံကနေ မြန်မာပြည် ကို ကော်ဖီစတင်ဝင်ရောက်လာခြင်းဖြစ်တယ် ။အနှစ် ၅၀ ၊ ၆၀ အတွင်းမှာ ဖွံဖြိုးတိုးတတ်မှုအခြေအနေသို့ ရောက်ရှိလာခဲ့သော်လည်း မြန်မာ ကော်ဖီစိုက်ခင်းများဟာ စီးပွားရေးလှုပ်ဆော်မှုတွေနဲ့ ပြည်တွင်းနိုင်ငံရေး တွေကြားမှာ အေးဆေးနေခဲ့ပါတယ်.။ထုပ်လုပ်မှုအဆင့် နည်းပြီး အချိန်တိုအတွင်းမှာ အရသာကောင်း ကော်ဖီရဖို့အတွက် ခိုင်ခိုင်လုံလုံပြောကြားနိုင်ပါတယ်.။ဇီဝအပို ပစ္စည်း ၊ နေရောင်ဒဏ်ခံနိုင်မှု ၊ ရောဂါခံနိုင်စွမ်း နှင့် မျိုးစပ်ခြင်းတွေမလိုတဲ့ အပြင် နည်းပညာများများနဲ့ စက် ပစ္စည်း တွေလည်း မလိုပါဘူး..။ ကော်ဖီကောင်းကောင်း ထုပ်နိုင်ဖို့အတွက် အဓိက လိုအပ်ချက်ကတော့ များသောအားဖြင့် စက်မှုနည်းပညာနည်နည်း နဲ့ အလုပ်သမားတွေရဲ့စေ့စပ်သေခြာမှု ၊ ပထဝီအနေအထားနဲ့ ဒေသရဲ့ ရာသီဥတုပေါ်မှာ မူတည်နေပါတယ် ။မြန်မာ့ကော်ဖီစိုက်ခင်းတွေဟာ များသောအားဖြင့် ကိုယ်ပိုင်မြေကွက် ၁.၅ ဧက ဝန်းကျင်ကျယ်ပြန့်ပါတယ် ။ ကော်ဖီပင်ပေါက်ရောက်ရာဒေသကတော့ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၅၀၀ ကနေ ၆၀၀၀ အတွင်းရှိ ပြင်ဦးလွင် ၊ တောင်ကြီး နှင့် ဖလမ်း ပတ်ဝန်းကျင်ဒေသတွေဖြစ်ပါတယ်။ကော်ဖီပင်ကို မေလမှ ဇွန်လအထိစိုက်နိုင်ပြီး ဒီဇင်ဘာလတွင် အသီးစတင်ခူးဆွတ် ပါသည်။ ကော်ဖီပင်သည် နှစ်ရှည်သီးနှံပင်မျိုးဖြစ်ပါသည်။ အပင်၏သက်တမ်းမှာ နှစ်ပေါင်း ၁၀၀ ကျော်ထိ အသီးခူးဆွတ်နိုင်သော အပင်မျိုးဖြစ်သည်။တစ်ဧကလျှင် အပင်ပေါင်း ၁၃၆၀ ခန့်စိုက်ပျိုးနိုင်ပြီး တစ်ဧကအထွက်နှုန်းပိဿာ ၁၃၃ ပိဿာခန့် ထွက်ရှိပါသည်။ ပျိုးပင်တစ်ပင်ဈေးနှုန်းမှာ ၃၀ ကျပ်ဖြစ်ပြီး စတင်စိုက်ပျိုးချိန် မှစ၍ ၃ နှစ်ကြာပြီးလျှင် အကျိုးအမြတ်ရရှိပါသည်။ကော်ဖီပင်သည် အစိုဓါတ်အများအပြားလိုအပ်ပြီး ပူအိုက်စွတ်စို၍ အပူချိန်မြင့်သည့် ဒေသတွင် အောင်မြင်ဖြစ်ထွန်းပါသည်။ အရိပ်ကြိုက်သော အပင်အမျိုးအစားဖြစ်၍ အရိပ်ရ အပင်ကြီးမျိုးစိုက်ပျိုးပြီးမှ စိုက်ပါက ပိုမိုဖြစ်ထွန်းနိုင်ပါသည်။မြန်မာနိုင်ငံတွင် ကော်ဖီကို နိုင်ငံခြားသို့ တင်ပို့ရောင်းချနိုင်ရန် အဓိကထားစိုက်ပျိုး သည့် သီးနှံတစ်မျိုး ဖြစ်ပါသည်။ စိုက်ပျိုးထားရှိသည့်ကော်ဖီအမျိုးအစားများမှာ (၁) လိုက် ဘယ်ရီက (Liberica)၊ (၂) ဂရော့အင်ဒင်နီ (Gross Indenie) ၊ (၃) အိတ်စဲလ်စာ (Excelsa) ၊ (၄)အာရာဘီကာ (Arabica) ၊ (၅) ရိုဘက်စတာ (Robustar) တို့ဖြစ်ပါသည်။ အရည်အသွေး နှင့်အမျိုးအစား အကောင်းမွန်ဆုံးမျိုးမှာ အာရာတီကာမျိုးဖြစ်ပါသည်။ ၄င်းမျိုးကို မြန်မာနိုင်ငံ တွင် အစိုက်အများဆုံးဖြစ်ပါသည်။

Golden Triangle မှဘာသာပြန်တင်ဆက်သည်...

0 comments:

Newer Post Home