ကော်ဖီဟာ လူတွေကို ဆိုးကျိုးတွေပေးနိုင်တဲ့ သတင်းတွေ ဖတ်ဖူးကြမှာပါ။ အခုတော့ ကော်ဖီက လူ့စိတ် နဲ့ ခန္ဓာကိုယ်ကို အကျိုးသက်ရောက်စေတယ်ဆိုတဲ့ သတင်းကောင်းတွေ ပေါ်ထွက်လာလို့ ... ဖတ်ရတဲ့ သတင်းလေးတွေကို မျှဝေပေးလိုက်ပါတယ် ...
နှလုံးကို ကျန်းမာစေပါသလား
နှလုံးကို ကျန်းမာစေပါသလားကော်ဖီသောက်ခြင်းဟာ နှလုံးကိုထိခိုက်စေနိုင်တယ်ဆိုတဲ့ အယူအဆဟာ မကြာခဏဆိုသလို ပေါ်ထွက်ခဲ့ပါတယ်။ ဥရောပဘက်မှာ အနှစ်၂၀ လောက် ပြုလုပ်ခဲ့တဲ့ သုတေသနတွေအရ ကော်ဖီ ခပ်ပြင်းပြင်းဟာ ကိုလက်စရော level ကို သိသိသာသာ မြင့်တက်စေပါတယ်တဲ့။ ဒီတော့ သုတေသီတွေဟာ ကိုလက်စရော levelကို မြင့်တက်စေတဲ့ cafestol နဲ့ Kahweol လို ဓာတုပစ္စည်းတွေကို ကော်ဖီထဲကနေ သီးသန့်ခွဲထုတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဥရောပမှာ သုံးတဲ့ ကော်ဖီဖျော်တဲ့ နှပ်တဲ့နည်းတွေအရ ကော်ဖီနှပ်ဲ့အချိန်မှာ Cafestol နဲ့ Kahweal ဓာတ်တွေကော်ဖီထဲကနေ အများအပြား ထွက်လာပါတယ်။ ဒါပေမယ့် ကော်ဖီကို ပြန်ပြီးစစ်လိုက်တဲ့အခါမှာ ဒီအဆီဓာတ်တွေကို အကုန်နီးနီးလောက် ဖယ်ရှားလိုက်နိုင်ပေမယ့် အနည်းအပါးတော့ ကျန်ပါသေးတယ်။ ဒါ့အပြင် နောက်ပိုင်း သုတေသနတွေ အရ ကော်ဖီကို ပုံမှန် (တစ်နေ့ နှစ်ခွက်)ပဲ သောက်သူတွေမှာ သွေးပေါင်ချိန်တိုးလာနိုင်တာမျိုး မရှိတော့ပါဘူး။ ပြီးတော့ ကျန်းမာတဲ့သူတွေ မှာလည်း နှလုံးခုန်မမှန်ခြင်းကို မဖြစ်ပေါ်စေဘူးလို့ တွေ့ရပါတယ်။ ဒီတော့ ကော်ဖီကို အနေတော်လောက်ပဲ သောက်သုံးရင်တော နှလုံးရောဂါဖြစ်ပေါ်စေမှာ မဟုတ်ပါဘူး။
ကိုယ်ဝန်ပျက်ကျခြင်းနှင်း ပတ်သက်၍
ကိုယ်ဝန်ပျက်ကျခြင်းနှင်း ပတ်သက်၍ကော်ဖီကို တစ်နေ့ နှစ်ခွက်နှုန်းသောက်တဲ့ ကိုယ်ဝန်သည်တွေမှာ ဒီ့ထက်ကော်ဖီသောက်နည်းတဲ့ ကိုယ်ဝန်သည်တွေမှာထက် ကိုယ်ဝန်ပျက်ကျနိုင်တဲ့နှုန်းဟာ ၃၆ ရာခိုင်နှုန်းပိုများ ပါတယ်လို့ တွေ့ရှိပါတယ်။ ဒါပေမယ့် အမေရိကန် ကလေးသူငယ်ကျန်းမာရေးနဲ့ လူသားဖွံ့ဖြိုးမှုဋ္ဌာနမှ Klebanolfm ကတော့ တစ်နေ့ကို ကော်ဖီ၅ခွက်ကနေ ၆ခွက်သောက်တဲ့ ကိုယ်ဝန်သည်တွေမှသာ ကိုယ်ဝန်ပျက်ကျနိုင်နှုန်း များတာပါလို့ ဆိုပါတယ်။
ကင်ဆာရောဂါ ဆက်စပ်မှု
၁၉၈၀ ပြည့်နှစ်အစပိုင်းက ကော်ဖီသောက်ခြင်းကြောင့် ပန်ကရိယကင်ဆာ ဖြစ်စေတယ်ဆိုတဲ့ သတင်းပေါ်ထွက်ဖူးပါတယ်။ ဒါပေမယ့် ဒီသတင်းဟာ သတင်းမှားတစ်ခုပါ။ အကယ်၍များ ကော်ဖီသောက်ခြင်းနဲ့ ဆီးအိမ်ကင်ဆာကြား ဆက်စပ်မှုသာရှိမယ်ဆိုရင် ဒါဟာ ကော်ဖီအလွန်အကျွံ သောက်သူတွေမှာသာ တွေ့ရမှာဖြစ်ပါတယ်။ တစ်နေ့ကို ကော်ဖီ ၁၀ ခွက်နဲ့ အထက်သောက်လေ့ရှိတဲ့ ဥရောပသားမျိုးတွေပေါ့။ ဒါအပြင် ကော်ဖီကြောင့် အူမကြီးကင်ဆာဖြစ်ပွားစေတယ်ဆိုတာ မဟုတ်ပါဘူး။
အားပါးတရသောက်သုံးသင့်သလား
ကိုယ်ဝန်ဆောင်သည်တွေ၊ ကိုယ်ဝန်ဆောင်တော့မယ့် အမျိုးသမီးတွေ၊ နို့တိုက်မိခင်တွေအနေနဲ့ ကော်ဖီကို တစ်နေ့နှစ်ခွက်နှုန်းထက် ပိုမသောက်သင့်ပါဘူး။ အဲဒါမှ မဟုတ်ရင် ကလေးပျက် ကျတာမျိုးတို့၊ နို့စို့ကလေးမှာ စိတ်ဂဏာမငြိမ်တာမျိုးတို့ ဖြစ်တတ်ပါတယ်။ အစာမကြေလေအောင့်တဲ့ ရောဂါရှိသူတွေ၊ စိုးရိမ်စိတ်ကြီးသူတွေ၊ ရင်သားမှာအကျိတ်ရှိသူတွေဟာ ကော်ဖီကိုလျော့သောက်သင့်ပါတယ်။ ဒါပေမယ့် လူအများစုအတွက်ကတော့တစ်နေ့ကို နှစ်ခ်ါပုံမှန်သောက်သုံးခြင်းဟာ အနရာယ် မဖြစ်စေပါဘူး။ ကိုယ့်ကျန်းမာရေး အခြေအနေအပေါ် မူတည်ပြီးတော့ ကော်ဖီကို ချင့်ချိန်သောက်သုံးပါ။

References;Wikipedia
Recovery Resources Online

အေဒီ ၉ ရာစုတွင် အီသီယိုးပီးယား နိုင်ငံမှ စတင် တွေ့ရှိ သုံးစွဲခဲ့တဲ့ ကော်ဖီဟာ ကမ္ဘာ တစ်ဝှမ်း သောက်သုံးမှု များသော သုံးဆောင် စရာများထဲ အနက် တစ်ခု အပါ အဝင် ဖြစ် ပါတယ်.. ကော်ဖီဟာ အာရုံ နိုးကြားစေသော သောက်သုံးစရာ တစ်မျိုးဖြစ်ပြီး အဓိက ပါဝင်တဲ့ ဓါတ်ပစ္စည်းကတော့ ထရိုင်မီသိုင်းဇန်သင်း (Trimethylxanthine) ခေါ် ကဖင်း (caffeine) ဓါတ်ပဲ ဖြစ်ပါတယ်.. ကဖင်းဓါတ်ဟာ ကော်ဖီစေ့ထဲမှာ ၁% မှ ၂ % ထိ ပါဝင် ပါတယ်.. အခြား ပါဝင်တဲ့ ဓါတ်ပစ္စည်း များဖြစ်တဲ့ ဟိုက်ဒ ရောက်ဆီ ဆစ်ထရစ် အက်စစ် (Hydroxycitric acid)၊ ခရိုမီယမ် (Chromium)၊ လိမ္မော်ခါး (Bitter Orange) တို့ဟာ ခန္ဓာကိုယ် ဖီဝကမ္မ ဖြစ်ပျက် မှုနှုန်း (metabolic rate) ကို ၃၀%ထိ ပိုမို မြန်စေ ပါတယ်.. ကော်ဖီ သောက်သုံးခြင်းဖြင့် အယ်လ်ဇိုင်းမား ရောဂါ (Alzheimer's disease)၊ ပါကင်ဆန် ရောဂါ (Parkinson's disease)၊ လူကြီး သူငယ်ပြန် ရောဂါ (Demantia)၊ နှလုံးရောဂါ (heart disease)၊ အမျိုးအစား-၂ ဆီးချို သွေးချို ရောဂါ (diabetes mellitus type 2)၊ အသည်းခြောက် ရောဂါ (cirrhosis of the liver)၊ ဂေါက်ရောဂါ (Gout) ဖြစ်ပွားနှုန်း တို့ကို လျော့ကျ စေပါတယ်.. အစားအသောက် ပျက်သူများ အနေဖြင့် ကော်ဖီနံ့ ရရှိပါက အစာ စားချင်စိတ် ပြန်လည် ဖြစ်ပေါ် စေပါတယ်.. အရက်မူး လွန်ပြီး လေးလံထိုင်း မှိုင်းသူများ အဖို့ ကော်ဖီ သောက်လိုက်ပါက လန်းဆန်းမှုကို ရရှိစေ ပါတယ်.. ကော်ဖီသည်


ဆီးရွှင် စေသော (Diuretic effect) သတ္တိ ရှိပါတယ်..

ကော်ဖီဟာ စွဲစေတတ်သော သတ္တိ ရှိတဲ့အတွက် နေ့စဉ် ကော်ဖီ ၃ ခွက်မှ ၅ ခွက် သောက်သုံး နေသူများထဲမှ ၁၀% ခန့်ဟာ ကော်ဖီ ဖြတ်လိုက်တဲ့ အချိန်မှာ စိတ်ဓါတ်ကျဆင်းခြင်း (Depression)၊ စိတ်ပူပန်မှု များလာခြင်း (Anxiety) တို့ ဖြစ်ပေါ် လာတတ်ကြောင်း တွေ့ရှိရ ပါတယ်.. အူမှ သံဓါတ် စုပ်ယူမှုကို အဟန့်အတား ဖြစ်စေ နိုင်သဖြင့် နို့တိုက် မိခင်နှင့် ကလေးငယ် တို့တွင် သံဓါတ် ချို့တဲ့သော သွေးအားနည်း ရောဂါ (Iron deficiency anaemia) ဖြစ်စေ နိုင်ပါတယ်.. ကော်ဖီ သောက်သုံး ခြင်းကြောင့် သွေးလွှတ် ကြော နံရံ များ တင်းမာမှု ဖြစ်ပေါ်စေပြီး ကော်ဖီကြောင့် နှလုံး သွေးကြောဆိုင်ရာ ရောဂါ ဖြစ်ပွားကြောင်း မတွေ့ ရှိရသေးပေ.. ကော်ဖီ သည် နှလုံးခုန်နှုန်း မြန်စေသဖြင့် သွေးတိုး အနည်းငယ် မြင့်မား စေပါတယ်.. အစာအိမ် အက်စစ် ပြန်ကန်မှု (acid reflux) ဖြစ်ပေါ် စေတတ် သဖြင့် လေတက် ရင်ပူ တတ်သူများ (Heart burn) အဖို့ သတိထား သုံးစွဲ သင့်ပါတယ်..
မည်သို့ပင် ဆိုစေကာမူ တန်ဆေး လွန်ဘေး ဆိုသည့် စကားအတိုင်း သင့်တင့်သော သောက်သုံးမှု ဖြင့် ကျန်းမာရေး အတွက် ဂရုစိုက် ရန် လိုအပ်ပါတယ်.. သင့်တင့်သော သုံးစွဲမှု သည် ဆိုးကျိုးထက် ကောင်းကျိုး များကြောင်း ပညာရှင် များမှ ဆိုထားပါတယ်.. ကော်ဖီနှင့် ကျန်းမာရေး ဆက်စပ်သော ကောင်းကျိုး ဆိုးကျိုး များကိုလည်း ဆက်လက် လေ့လာ သုတေသန ပြုနေဆဲ ပင် ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါတယ်..


References;
Recovery Resources Online
DR. Win Thein
Mogok, Myanmar

ဘရာဇီးနိုင်ငံသည် ကမ္ဘာ့ကော်ဖီထုတ်လုပ်မှုတွင် ထိပ်ဆုံးမှဦးဆောင်ပါဝင်သည်။
ကမ္ဘာပေါ်တွင် ဘရာဇီးနိုင်ငံနှင့် အနောက်အိန္နိယကျွန်းစုတို့မှအပ ကော်ဖီကိုအကြီးအကျယ်စိုက်ပျိုးသော ဒေသများမှာ အမေရိကတိုက်အလယ်ပိုင်း၊ မက္ကဆီကို၊ အာရေဗျကျွန်းဆွယ်၊ အာဖရိကတိုက်နှင့် အိန္နိယ နိုင်ငံရှိ အချို့ဒေသများ၊ သီဟိုဠ်ကျွန်း၊ ဆူမားတြားကျွန်း၊ ဂျာဗားကျွန်း နှင့် ပစိဖိတ်သမုဒ္ဒရာရှိကျွန်းများဖြစ်ကြသည်။ ဘရာဇီးနိုင်ငံသည် ကမ္ဘာ့ကော်ဖီထုတ်လုပ်မှုတွင် ထိပ်ဆုံးမှဦးဆောင်ပါဝင်သည်။ ကမ္ဘာပေါ်တွင် ဘရာဇီးနိုင်ငံနှင့် အနောက်အိန္နိယကျွန်းစုတို့မှအပ ကော်ဖီကိုအကြီးအကျယ်စိုက်ပျိုးသော ဒေသများမှာ အမေရိကတိုက်အလယ်ပိုင်း၊ မက္ကဆီကို၊ အာရေဗျကျွန်းဆွယ်၊ အာဖရိကတိုက်နှင့် အိန္နိယ နိုင်ငံရှိ အချို့ဒေသများ၊ သီဟိုဠ်ကျွန်း၊ ဆူမားတြားကျွန်း၊ ဂျာဗားကျွန်း နှင့် ပစိဖိတ်သမုဒ္ဒရာရှိကျွန်းများဖြစ်ကြသည်။


သမိုင်းဒဏ္ဍရီ အရပြောရမယ်ဆိုရင် ကော်ဖီကို (Arabian) သိုးကျောင်းသားလေးကစတင်တွေ့ရှိချင်းဖြစ်တယ် ။ သိုးကျောင်းသားလေး ( Kaldi ) ရဲ့သိုးတွေက တောင် (Arabian) ကျွန်းစွယ်ထိပ်က စိမ်းညိုရောင်သစ်ပင်လေးတွေကြားမှာ ပျော်ရွှင်ကခုန်နေတာကိုတွေ့ရတယ်.. (Kaldi) ကချုံငယ်တွေကြားက ချယ်ရီနီရောင် အသီးလေးတွေကို စူးစမ်းချင်လာတယ်..အဲ့ဒီအသီးလေးတွေရဲ့ အစွမ်းသတ္တိကိုလေ့လာတယ် .. အဲဒီမှာရှိတဲ့ သိုးကျောင်းသားလေးက ကော်ဖီစေ့တွေစားစားပြီး ညညအိပ်မ ပျော်ဘဲမြူးတူးလန်းဆန်းနေတဲ့သိုးတစ်အုပ်ကို သတိထားတွေ့ရှိသွားတာက စတယ်လို့ပြောရမှာပါ.. ရိုင်းအနေနဲ့ပေါက်ရောက်တဲ့အပင်ငယ်တွေ စတာပါ နောက်တော့ ကော်ဖီဆိုတဲ့နာမည်ကို ပေးပါတယ်။
အာရေဗျလူမျိုးတစ်ဦးကိုသူ့နောက်လိုက်တွေနဲ့ အတူ သဲကန္တာရတစ်ခုကို အစာငတ်သေအောင် ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။ အဲဒီမှာ အိုမရ်လို့ခေါ်တဲ့ အာရေဗျတစ်ယောက်နဲ့ သူ့အဖော်တွေဟာ အမျိုးအမည်မသိတဲ့ အပင်ကရတဲ့ အသီးကိုပြုတ်ပြီးစားကြပါတယ်။ အဲဒီအသီးတွေက အာရေးဗျပြည်ပြေးတွေရဲ့အသက်ကို ကယ်နိုင်ရုံတင်မက အနီးဆုံးမြို့ဖြစ်တဲ့ (Mocha) မြို့ကိုပါ ဂုဏ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို အစွဲပြုပြီး အဲဒီအပင်နဲ့ အဖျော်ရည်
ကို( Mocha )လို့ အမည်ပေးခဲ့ကြပါတယ်။
ကိုးရာစုလောက်က မွတ်ဆလင်မ်ကမ္ဘာမှာ ကော်ဖီကို ဆေးအနေနဲ့ စတင်အသုံးပြုခဲ့ကြတယ်။ နောက်ပိုင်းမှာ
ကိုးရာစုလောက်က မွတ်ဆလင်မ်ကမ္ဘာမှာ ကော်ဖီကို ဆေးအနေနဲ့ စတင်အသုံးပြုခဲ့ကြတယ်။ နောက်ပိုင်းမှာ
ကော်ဖီကို အရသာခံဖို့နဲ့ သောက်စရာကောင်းတဲ့ အရာအဖြစ် ကြိုက်နှစ်သက်ခဲ့ကြပါတယ်။ ၁၄ရာစုအတွင်း
မှာတော့ အာရေးဗျ မှာ ကော်ဖီပင်အချို့ကိုစိုက်ပျိုးခဲ့ကြပါတယ်။ သူတို့ဟာအုပ်စုလိုက်ဝင်ရောက်စီးနင်းတိုက်
ခိုက်ကြတဲ့အခါ ကော်ဖီစေ့တွေကို အဓိကအာဟာရအရင်းအမြစ်အဖြစ် သားကောင်တွေရဲ့ အဆီထဲမှာ မြှုပ်
နှံထားခဲ့ကြပါတယ်။တူရကီတွေကတော့ သောက်စရာတစ်ခုအဖြစ်မွေးစားခဲ့တဲ့ ပထမဦးဆုံးနိုင်ငံဖြစ်ပါတယ်။
တခါတရံမှာ လေးညှင်းပွင့်၊ သစ်ကြံပိုးခေါက်၊ ဂျင်းမျိုးနွယ်ဝင်အပင်များထည့်ပြီး ခေါင်ရည် ဖြစ်အောင်လုပ်ကြ
လေ့ရှိပါတယ်။
၁၅ဝဝမတိုင်မီလောက်မှာ တူရကီ၊ နောက် အီတလီတို့မှာရောက်ရှိပြီးသွားပြီဖြစ်ပါတယ်။ ၁၇၂၀ မှာ ပြင်သစ်
မရိန်းတပ်အရာရှိ (GabrielMathieu deChieu) ဟာ မာတီနီကာ ကို ပဲရစ်စ်ကနေ ကော်ဖီပင် သုံးပင်ယူလာ
ခဲ့ပါတယ်။ ခရီးလမ်းမှာ သုံးပင်ထဲက တစ်ပင်ပဲရှင်ခဲ့ပါတယ်။ အဲဒီအပင်ကနေ ကမ္ဘာသစ်ဆီကို ကော်ဖီတွေစ
တင်စိုက်ပျိုးခဲ့ကြတာပါပဲ။ ကော်ဖီဆိုင်တွေကိုတော့ နိုင်ငံကြီးတွေရဲ့ မြို့တော် ၊ နောက်ပိုင်းမှ မြို့ကြီးတော်
တော်များများမှာ စတင်ဖွင့်လှစ်ခဲ့ကြပါတယ်။ ၁၆၀၀ ပြည့်နှစ်နောက်ပိုင်းမှာပေါ့။ အဲဒီကနေမှ တစ်ဆင့် အိမ်
မှာသောက်သုံးတဲ့ အထိ ပျံ့နှံ့ရောက်ရှိခဲ့ပါတယ်။
ဒါကတော့ ကော်ဖီရဲ့ သမိုင်းကြောင်းနဲ့ လူတို့ စတင်အသုံးပြုသောက်သုံးလာတဲ့ ဖြစ်စဉ်တွေဖြစ်ပါတယ်။
Coffee History
According to a coffee history legend, an Arabian shepherd named Kaldi found his goats dancing joyously around a dark green leafed shrub with bright red cherries in the southern tip of the Arabian Peninsula. Kaldi soon determined that it was the bright red cherries on the shrub that were causing the peculiar euphoria and after trying the cherries himself, he learned of their powerful effect. The stimulating effect was then exploited by monks at a local monastery to stay awake during extended hours of prayer and distributed to other monasteries around the world. Coffee was born.
Despite the appeal of such a legend, recent botanical evidence suggests a different coffee bean origin. This evidence indicates that the history of the coffee bean beagan on the plateaus of central Ethiopia and somehow must have been brought to Yemen where it was cultivated since the 6th century. Upon introduction of the first coffee houses in Cairo and Mecca coffee became a passion rather than just a stimulant.For more coffee legends and details about the history of the coffee bean, visit
National Geographic.com
မှတ်ချက် ။ ။ မှားယွင်းလွဲးချော်မှုရှိခဲ့ပါက ဘာသာပြန်သူ၏ အားနည်းချက်သာဖြစ်ပါသည်။


အဘာဝကော်ဖီ သည် ယခုအခါ အနောက်ဥရောပနိုင်ငံများတွင်သာ မက အရှေ့အာရှနိုင်ငံများတွင်ပါ တွင်တွင်ကျယ်ကျယ် သောက်သုံးလာကြပါပြီ.. သဘာဝကော်ဖီ သည် သွေးပေါင်ကို မြင့်စေတယ် .. ဦးနှောက်ကို နှိုးဆွပေးတယ် .. ကြာရင်တော့သွေးတိုးရောဂါ ဖြစ်စေနိုင်တယ်.. ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာမှာ ဆွပေးတာနဲ့ နှိပ်ပေးတာရှိတယ်..အဲ့ဒီနှိပ်ပေးတာကို ကဖင်းဓာတ်က ဟန့်တားတယ်..
ကော်ဖီကို သင့်တင့်ရုံသောက်ရင် ဦးနှေက်ကို သွက်စေတယ်.. လန်းဆန်းစေတယ်..ဦးနှေက်ရဲ့လုပ်အားကို မြှင့်ပေးတယ်.. သောက်တာများသွားရင်တော့ ကတုန်ကရင်ဖြစ်တတ်ပါတယ်. ဂနာမညိမ်ဖြစ်မယ်..ညကော်ဖီသောက်ပြီး အိပ်မပျော်တာ ကဖင်းကြောင့်ပဲ..တစ်နေ့ကို ကော်ဖီခပ်ကျဲကျဲ နှစ်ခွက် ၊ သုံးခွက် သောက်တာ အကောင်းဆုံးပဲ.. မနက်စောစောနဲ့ နေ့ခင်းပိုင်းပဲ သောက်သင့်တယ်..ညဘက်သောက်တာမကောင်းပါဘူး..

၁၉၀၀ ခုနှစ်ကတည်းက ဗြိတိန်နိုင်ငံကနေ မြန်မာပြည် ကို ကော်ဖီစတင်ဝင်ရောက်လာခြင်းဖြစ်တယ် ။အနှစ် ၅၀ ၊ ၆၀ အတွင်းမှာ ဖွံဖြိုးတိုးတတ်မှုအခြေအနေသို့ ရောက်ရှိလာခဲ့သော်လည်း မြန်မာ ကော်ဖီစိုက်ခင်းများဟာ စီးပွားရေးလှုပ်ဆော်မှုတွေနဲ့ ပြည်တွင်းနိုင်ငံရေး တွေကြားမှာ အေးဆေးနေခဲ့ပါတယ်.။ထုပ်လုပ်မှုအဆင့် နည်းပြီး အချိန်တိုအတွင်းမှာ အရသာကောင်း ကော်ဖီရဖို့အတွက် ခိုင်ခိုင်လုံလုံပြောကြားနိုင်ပါတယ်.။ဇီဝအပို ပစ္စည်း ၊ နေရောင်ဒဏ်ခံနိုင်မှု ၊ ရောဂါခံနိုင်စွမ်း နှင့် မျိုးစပ်ခြင်းတွေမလိုတဲ့ အပြင် နည်းပညာများများနဲ့ စက် ပစ္စည်း တွေလည်း မလိုပါဘူး..။ ကော်ဖီကောင်းကောင်း ထုပ်နိုင်ဖို့အတွက် အဓိက လိုအပ်ချက်ကတော့ များသောအားဖြင့် စက်မှုနည်းပညာနည်နည်း နဲ့ အလုပ်သမားတွေရဲ့စေ့စပ်သေခြာမှု ၊ ပထဝီအနေအထားနဲ့ ဒေသရဲ့ ရာသီဥတုပေါ်မှာ မူတည်နေပါတယ် ။မြန်မာ့ကော်ဖီစိုက်ခင်းတွေဟာ များသောအားဖြင့် ကိုယ်ပိုင်မြေကွက် ၁.၅ ဧက ဝန်းကျင်ကျယ်ပြန့်ပါတယ် ။ ကော်ဖီပင်ပေါက်ရောက်ရာဒေသကတော့ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၅၀၀ ကနေ ၆၀၀၀ အတွင်းရှိ ပြင်ဦးလွင် ၊ တောင်ကြီး နှင့် ဖလမ်း ပတ်ဝန်းကျင်ဒေသတွေဖြစ်ပါတယ်။ကော်ဖီပင်ကို မေလမှ ဇွန်လအထိစိုက်နိုင်ပြီး ဒီဇင်ဘာလတွင် အသီးစတင်ခူးဆွတ် ပါသည်။ ကော်ဖီပင်သည် နှစ်ရှည်သီးနှံပင်မျိုးဖြစ်ပါသည်။ အပင်၏သက်တမ်းမှာ နှစ်ပေါင်း ၁၀၀ ကျော်ထိ အသီးခူးဆွတ်နိုင်သော အပင်မျိုးဖြစ်သည်။တစ်ဧကလျှင် အပင်ပေါင်း ၁၃၆၀ ခန့်စိုက်ပျိုးနိုင်ပြီး တစ်ဧကအထွက်နှုန်းပိဿာ ၁၃၃ ပိဿာခန့် ထွက်ရှိပါသည်။ ပျိုးပင်တစ်ပင်ဈေးနှုန်းမှာ ၃၀ ကျပ်ဖြစ်ပြီး စတင်စိုက်ပျိုးချိန် မှစ၍ ၃ နှစ်ကြာပြီးလျှင် အကျိုးအမြတ်ရရှိပါသည်။ကော်ဖီပင်သည် အစိုဓါတ်အများအပြားလိုအပ်ပြီး ပူအိုက်စွတ်စို၍ အပူချိန်မြင့်သည့် ဒေသတွင် အောင်မြင်ဖြစ်ထွန်းပါသည်။ အရိပ်ကြိုက်သော အပင်အမျိုးအစားဖြစ်၍ အရိပ်ရ အပင်ကြီးမျိုးစိုက်ပျိုးပြီးမှ စိုက်ပါက ပိုမိုဖြစ်ထွန်းနိုင်ပါသည်။မြန်မာနိုင်ငံတွင် ကော်ဖီကို နိုင်ငံခြားသို့ တင်ပို့ရောင်းချနိုင်ရန် အဓိကထားစိုက်ပျိုး သည့် သီးနှံတစ်မျိုး ဖြစ်ပါသည်။ စိုက်ပျိုးထားရှိသည့်ကော်ဖီအမျိုးအစားများမှာ (၁) လိုက် ဘယ်ရီက (Liberica)၊ (၂) ဂရော့အင်ဒင်နီ (Gross Indenie) ၊ (၃) အိတ်စဲလ်စာ (Excelsa) ၊ (၄)အာရာဘီကာ (Arabica) ၊ (၅) ရိုဘက်စတာ (Robustar) တို့ဖြစ်ပါသည်။ အရည်အသွေး နှင့်အမျိုးအစား အကောင်းမွန်ဆုံးမျိုးမှာ အာရာတီကာမျိုးဖြစ်ပါသည်။ ၄င်းမျိုးကို မြန်မာနိုင်ငံ တွင် အစိုက်အများဆုံးဖြစ်ပါသည်။

Golden Triangle မှဘာသာပြန်တင်ဆက်သည်...

Newer Posts Home